Saturday, January 21, 2017

What is OIC?

- 0 comments
[ဆက်လက်ဖတ်ရှုရန်...]

ပြုပြင်ပြောင်းလဲရေးဆိုတာ

- 0 comments

ပြုပြင်ပြောင်းလဲရေးဆိုတာ
■■■■■■■■■■■■■■■■■■■■
ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံကြီးနဲ့ တက်လာတဲ့ အစိုးရ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပါတယ်ဗျ။ ပြုပြင်သင့်တာကို ပြုပြင် ပြောင်းလဲသင့်တာကို ပြောင်းလဲရမှာလည်း အမှန်ပါပဲဗျ။ သို့ပေသော် စဉ်းစားရမှာတော့ ရှိပါတယ်။ ဗြုန်းစားကြီး ပြုပြင်ပြောင်းလဲလို့ သင့်တော်၏/မတော်၏ ဆိုတာကိုလည်း စဉ်းစားဖို့တော့ လိုမယ်လို့ မြင်မိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်က ရန်ကုန်မြို့နယ်အတွင်း ပြေးစွဲနေတဲ့ မထသတွေကို ဖျက်သိမ်းပြီး YBS နဲ့ အစားထိုးမယ်ဆိုတော့ ကားသစ်တွေ မြောက်များစွာ သွင်းထားလို့များလား၊ အသင့်အနေအထား ဖြစ်နေလို့များလား၊ ပြုပြင်ပြောင်းလဲရေးကို သွားပြီး ထော်လော်ကန့်လန့် လုပ်လို့လည်း မသင့်ဘူးလေ။ သွားပြောမိရင်လည်း အဆဲခံ လွတ်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်အနေနဲ့ မဝေဖန်ပါဘူး။
အိမ်ကလူတွေ အလုပ်သွား အလုပ်ပြန် ဘာကားစီးရမှန်းမသိလို့ သူတို့ထုတ်ပြန်ထားတာတွေကို ပရင့် ထုတ်ပေးပါဆိုလို့ ထုတ်ပေးလိုက်ပါသေးတယ်။ အရင်က ၂၀၀ နဲ့ ရောက်တဲ့ခရီး အခုဘယ်လောက်တောင် ကုန်မလဲမသိဘူး။ လခစားတွေဆိုတော့လည်း တွက်ရတာပေါ့ဗျာ။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖျက်သိမ်း/ အစားထိုး ကြေညာပြီးတဲ့ ကာလအတောအတွင်း လိုင်းကားတွေက ၁၀၀ ပိုတောင်းကြ၊ ၂၀၀ ပိုတောင်းကြတော့လည်း ပေးရတာပဲဗျ။ ကျွန်တော်တို့က ဖျက်သိမ်းခံရတော့မှာပါတဲ့လေ။ ခရီးသည်အချို့ကပြောကြတယ်။ "မင်းတို့က နောက်ဆုံးပိတ် အိပ်နဲ့လွယ် လုပ်နေကြတာလား" တဲ့။
ကားသမားတွေက စကားအကြောင်းသင့်ရင် ပြောကြတယ်။ ဒီလိုပုံစံ တစ်ပြိုင်တည်း လုပ်တာထက် အရှေ့ပိုင်းခရိုင်တစ်ခုကို စမ်းသပ်ကာလအဖြစ် စတင်၊ ပြီးတော့ အသားကျပြီ လိုအပ်ချက်တွေကို သိပြီဆိုရင် နောက်ထပ်လုပ်။ အခုက တစ်ပြိုင်တည်း လုပ်တာဆိုတော့ လုပ်တဲ့သူကတော့ ဘာမှမဖြစ်ဘူး။ ပြည်သူတော့ ဒုက္ခခံရအုံးမှာပေါ့တဲ့။
ဒီကနေ့ ၁၆-၁-၂၀၁၇ ရက်နေ့မှာပဲ မထသတွေ ရပ်ပြီး YBS တွေ ထွက်လာပါတော့တယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့ လော်ဘီတချို့ လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးကြပါတယ်။ တချို့ ကိုယ်ပိုင်ကား ရှိသူတွေက အဆင်မပြေတဲ့ သူတွေကို လိုက်ပို့ကြတာလည်း တွေ့ရပါတယ်။
မြင်တွေ့ရတာ ခရီးသွားပြည်သူတွေမှာ အတော်ကို အကြပ်အတည်း ဒုက္ခရောက်ရပုံပါပဲ။ ကားဂိတ်တွေမှာ လူတွေ စုပုံနေရုံမျှမက ယခင်က ကားကြပ်ပါတယ် ဆိုသည်ထက် အသက်ရှူရပ်လောက်အောင် ကြပ်ကြပ်တည်းတည်းကို ဒုက္ခခံပြီး စီးနေကြရတာကို မြင်တွေ့ရပါတယ်။
ကျွန်တော် ထင်ထားသလို မထသ လိုင်း ပြေးစွဲနေတာကို ဖျက်သိမ်းလိုက်တာတော့ မှန်ပေသည့် မထသ ကားဟောင်းတွေကိုပဲ ပြန်လည် ဆေးဆိုးပန်းရိုက် လုပ်ပြီး YBS တံဆိပ်ရိုက်ခိုင်းတာ။ ဘာများ ထူးခြားသွားသလဲ ဆိုတော့ ဆေးမရိုက်ရသေး/ YBS တံဆိပ်မရိုက်ရသေးတဲ့ ကားတွေ ထွက်မလာဘူး။ ပုံမှန်အနေအထားမှာတောင် ရုံးသွား၊ ရုံးပြန် ကြပ်ကြပ်တည်းတည်း တိုးစီးနေရတဲ့ လုပ်သားပြည်သူတွေ ငပိသိပ်သလို ဖိသိပ်ပြီး စီးကြရတော့တယ်။
ပြည်သူဆိုတာက စနစ်ရဲ့ သားကောင်ပါ။ အစိုးရတစ်ရပ်တက်လာရင် ထင်ရာမြင်ရာ လုပ်ကြည့်မယ်။ ပြုပြင်ပြောင်းလဲရေးလို့ ခေါင်းစဉ်တပ်မယ်။ အစီအစဉ်တကျ ဖြစ်နိုင်ပါ့မလား၊ ပြည့်စုံပါ့မလား ထည့်မစဉ်းစားဘဲ လုပ်တာတွေဟာ အခုလို အခက်ကြုံတွေ့စေပါတယ်။
ပြုပြင်ပြောင်းလဲရေးမှာ စမ်းသပ်ကာလ တစ်ခုဆိုတာ ရှိသင့်တယ်။ ထင်သလို လုပ်ရင်တော့ အခုလို ဖြစ်မှာပဲ။ ထင်သလို လုပ်တာကို အားပေးအားမြှေက်ပြုတဲ့သူကလည်း ရှိတာပဲ။ အားပေးအားမြှေက် မလုပ်ဘူးဆိုရင် တိုင်းဒေသကြီးအစိုးရအနေနဲ့ ထင်သလို လုပ်ခွင့်ရလိမ့်မယ်တော့ မထင်ဘူး။ အခက်အခဲ ဘာဖြစ်လာနိုင်သလဲ ဆိုတာကို မမြင်ရခြင်းအကြောင်းက လက်တွေ့မဆန်တဲ့ ခြင်းကြောင့်ပါပဲ။ ဖြိုးမင်းသိန်း ဝန်ကြီးဖြစ်သွားပြီလေ။ ဟန်ပြ လိုင်းကားပေါ်တက်စီးပြနေရုံနဲ့ အဆင်မပြေနိုင်ဘူး။ တစ်ပတ်လောက်၊ တစ်လလောက် လိုင်းကားစီးပြီး အလုပ်တတ်ကြည့်သင့်တာပေါ့။ ပြည်သူတွေ ဘယ်လောက်အထိ ဒုက္ခများပြီလဲဆိုတာ ဒါမှ ကိုယ်တိုင် သိကြမှာပေါ့။
ကောင်းပါတယ်လေ။ ပြည်သူ့အစိုးရ လုပ်ချင်ရာ လုပ်တာပဲ ပြည်သူတွေ ပြုံးပြုံးလေးသာ ခံပေတော့။

နောင်တော်လေး


[ဆက်လက်ဖတ်ရှုရန်...]

Statement of Ministry of Myanmar Foreign Affairs

- 0 comments
နိုင်ငံခြားရေးဝန်ကြီးဌာန၏ OIC အစည်းအဝေးနှင့်ပတ်သက်သော သတင်းထုတ်ပြန်ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စ ဖြစ်သည့် ရခိုင်ပြည် နယ် ပြဿနာကို ဆွေးနွေးရန် အိုအိုင်စီ အထူးအစည်း အဝေး ခေါ်ယူကျင်းပခြင်း အတွက် အထူး စိတ် မကောင်း ဖြစ်မိပါသည်။

မလေးရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှုများသည် အဖြစ်မှန်ကို စိစစ်ခြင်းမပြုဘဲ လူအခွင့် အရေး ဆိုးရွားစွာ ချိုးဖေါက်မှုအ‌ခြေအနေများရှိ နေသယောင် ရည်ရွယ်ချက် ရှိရှိ ပုံဖော် ထုတ်ပြန်လျက်ရှိသည့် သတင်းမီဒီယာအချို့၏ သတင်းဖေါ်ပြချက် အပေါ် အခြေခံသည် ဟု ယူဆ ပါသည်။ ယင်းကဲ့သို့ ထိရှ လွယ် သည့် ပြဿနာ မျိုးအား ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် အတွက် အသုံးချနေခြင်း မှာ စိုးရိမ်စရာ ဖြစ်ပါသည်။

မလေးရှားနိုင်ငံ၏လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအစိုးရက ယင်းပြဿနာအား ဖြေရှင်း ရေးအတွက် ကြိုးပမ်း အားထုတ်နေမှုများကို လုံးဝ လျစ်လျူရှုထားရာလည်း ကျပါသည်။ ယခုဖြစ်ပွား သည့် အခြေအနေသည် ဘာသာရေး ဖိနှိပ်မှုမဟုတ်ဘဲ၊ ပြည်သူတို့၏ အသက် နှင့်‌ လုံခြုံရေး ကို အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှု မှ ကာကွယ်ရေး အတွက် ဆောင်ရွက်နေခြင်း ပင်ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် အစိုးရ မှ ညွှန်ကြား ထားပြီးဖြစ်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၉-၁၀-၂၀၁၆ ရက်နေ့ နံနက်ပိုင်း က ဖြစ်ပွားခဲ့ သည့် စနစ် ကျကျ ကြိုတင်ကြံစည်ပြင်ဆင်၍ အကြမ်းဖက်သည့် ပုံစံမျိုးဖြင့် ပြည်ပ မှ ကူညီပံ့ပိုး ပေးထားသည့် အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်သူများ က လုံခြုံရေးတာဝန်ယူသည့် ရဲစခန်းများကို တိုက်ခိုက် မှုများ နှင့်ပတ်သက်၍ ၁၉-၁-၂၀၁၇ ရက်နေ့၌ ပြုလုပ် သော အိုအိုင်စီ အစည်းအဝေး ၏ ရလဒ် စာရွက်စာတမ်းများတွင် ဖော်ပြမှု မရှိသည်ကိုလည်း များစွာ အံ့သြမိပါသည်။ ဤ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၉) ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ လက်နက် ခဲယမ်းများ ဆုံးရှုံးခဲ့ပါသည်။

ရခိုင်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ လုံခြုံရေးအတွက် မည်သူမျှ မြန်မာ အစိုးရနှင့် ပြည်သူ များထက် စိုးရိမ်မည့်သူ မရှိပါ။ ထို့ကြောင့်လည်း ဤပြဿနာရပ်ကို ဖြေရှင်းရန် နှင့်‌ ရခိုင်ပြည်နယ်အတွင်း သဟဇာတရှိမှု၊ ငြိမ်းချမ်းရေးနှင့်‌ ကြွယ်ဝချမ်းသာရေး အတွက် ကြိုးပမ်းမှုများကို ဆက် လက်ဆောင် ရွက်သွားရန် စစ်မှန်သော ဆန္ဒနှင့် သန္ဓိဋ္ဌာန် ချထားပြီး ဖြစ် ပါသည်။

အစိုးရအနေဖြင့် လုပ်ဆောင်ရန် ရှိသည် များအားလုံးကို လုပ်ဆောင်လျက် ရှိနေပါသည်။ ပြဿနာကို လက်တွေ့ကျကျ ‌ဖြေရှင်းနိုင်မည့် ယန္တယားများကိုချမှတ် ထားရှိပြီး ဖြစ်ပါ သည်။ ဥပမာအားဖြင့် လုပ်ငန်းကော်မတီ လေးရပ်ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကောင် အထည်ဖေါ်ရေး ဗဟိုကော်မတီကို လည်းကောင်း၊ ပြည့်စုံ ကောင်းမွန်စွာနှင့် ထိရောက်စွာ ဖြေရှင်းရေးကို အထောက်အကူ ပြုစေမည့် ရေရှည် နည်း လမ်းကောင်း များ ရရှိရေး အတွက် ဒေါက်တာ ကိုဖီအာနန် ခေါင်းဆောင် သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို လည်းကောင်း၊ မကြာမီ က ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ နှင့်‌ စွပ်စွဲမှုများကို စုံစမ်း စစ်ဆေး ရန် ဒုတိယသမ္မတ ဦးဆောင်သည့် ကော်မရှင် တစ်ရပ် ကို လည်းကောင်း ဖွဲ့စည်းထား ပြီးဖြစ် ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသသို့ လူသားချင်းစာနာမှု အကူအညီပေးမှု များကိုလည်း လုံခြုံရေး အခြေအနေ ပိုမိုတိုးတက်လာသည်နှင့်‌ အမျှ တဖြည်းဖြည်းနှင့်‌ တိုးချဲ့ ပေးအပ် လျက် ရှိပါသည်။

ရခိုင်ပြည်နယ် ပြဿနာ နှင့်‌ ပတ်သက်၍ ရေရှည်တည်တံ့မည့် ဖြေရှင်းမှု တစ်ရပ် ရရှိရေး ကို အာရုံစိုက်ဆောင်ရွက်ခြင်းသည်သာ အသိုက်အဝန်းနှစ် ရပ်လုံး၏ အကျိုးကို အကောင်း ဆုံး ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

မလိုလားအပ်သော ဖိအားပေးမှုများ ပြုလုပ်ခြင်း သည် နဂိုကပင် ရှုတ်ထွေးနေ သည့် ပြဿနာရပ်ကို ပိုမို ရှုတ်ထွေးမှုများ ဖြစ်ပေါ်စေမည် သာ ဖြစ်ပါ သည်။ မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် နိုင်ငံတကာ အသိုက် အဝန်း အနေဖြင့် နားလည်မှု နှင့်‌ အပြုသဘောဆောင် ပူးပေါင်း ကူညီပေးရန် လိုပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်
ရက်စွဲ၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်။

Press Release
▄▄▄▄▄▄▄▄▄

It is regrettable that Malaysia, a fellow ASEAN member, considers it fit to convene an extraordinary session of the Organization of Islamic Cooperation (OIC) to take up Myanmar’s Rakhine Issue.

Malaysia’s concern regarding the situation in Rakhine State is no doubt based on prodigious media reports alleging dire human rights situations as well as deliberate misinterpretation of the situations obtaining on the ground. What is more regrettable is that the sensitive issue has been exploited to promote a certain political agenda.

Malaysia’s action disregards the genuine efforts being made by the Myanmar Government to address the issue. There is no attempt to persecute a community on grounds of religion. The Government has been endeavouring to safeguard lives and ensure the security of the people from the violent attacks of new extremists. The Government has instructed security personnel to strictly adhere to the laws and exercise maximum restraint.

It is disturbing to note that the OIC meeting held in Kuala Lumpur on 19 January 2017 failed to acknowledge that the situation was a direct result of the well planned and coordinated attacks on police outposts in the northern Rakhine State on 9 October 2016 by extremist elements both funded and inspired from abroad. It resulted in the loss of lives of 9 police officers and large cache of arms and ammunition.

No one is more concerned about peace and stability of Rakhine State than the Government and the people of Myanmar. The Government is genuinely committed to resolve this issue and ensure that security prevails in Rakhine State. All necessary steps are being taken. The Government is focused on finding practical means to solving the issue and has constituted a number of mechanisms to comprehensively address the issue. They include the establishment of the Central Committee on Implementation of Peace, Stability and Development of Rakhine State with four Working Committees focusing on the relevant areas, including the citizenship verification process. In addition, the Rakhine Advisory Committee headed by Dr. Kofi Annan has been set up to buttress Myanmar’s efforts and help find a solution to the long standing issue. An investigation commission headed by a Vice President has also been formed to look into the causes of recent incidents and the allegations. With the improvement of the security situation, the areas of humanitarian access have been gradually expanded.

The interest of the two communities in Rakhine State will be best served by focusing on lasting solutions to the issue rather than asserting undue external pressure. Such action would only make a complicated issue worse. It is essential that the international community lends their understanding and extends cooperation to the Myanmar Government in addressing the issue of Rakhine State.

Ministry of Foreign Affairs
Nay Pyi Taw
Dated: 20 January 2017
[ဆက်လက်ဖတ်ရှုရန်...]

Monday, February 1, 2016

လွှတ်တော်ဥက္ကဌသစ်မှ ဦးရွှေမန်းအား ကျေးဇူးတင်ကြောင်းဆို

- 0 comments
လွှတ်တော်ဥက္ကဌသစ်မှ ဦးရွှေမန်းအား ကျေးဇူးတင်ကြောင်းဆို ၊ လွှတ်တော်အမတ်များအား ဆုံးမ

          ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် မဲအသာရရှိခဲ့သော NLD ပါတီမှ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ၎င်းတို့ပါတီမှ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ယနေ့ ၁-၁-၂၀၁၆ရက်နေ့တွင် စတင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်မှ ` ဒီလွှတ်တော်အစည်းအဝေးကြီးကို ခေါ်ယူပေးတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေး အစစအဆင်ပြေအောင် ကြိုတင်မြော်တွေး ဆောင်ရွက်ပေးတဲ့ နာယကကြီးသူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားအပ်ပါတယ်ခင်ဗျား။´ ဟု ဦးရွှေမန်းအား ကျေးဇူးတင်စကားဆိုသည်။
            ၎င်း၏ အမှာစကားတွင် ` လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိ တို့ရဲ့ အပြောအဆို၊ အပြုအမူ၊ အနေ အထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ မိမိတို့ရဲ့ တွေးခေါ် ကြံဆပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ တွေဟာ ဒီမိုကရေစီကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစား လိုကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ အတွက် စံနမူနာကောင်းတွေဖြစ်စေချင်
ပါတယ်။ တစ်ဦးနဲ့ တစ်ဦးသဘော ထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကိုသယ်ပိုး ကြစေလိုပါတယ်။ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးများ
မြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်နိုင်ဖို့ စသည်တို့ကိုအတူတကွ လက်တွဲပူးပေါင်းအကောင်
အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။´ဟု ပြောကြားခဲ့သည်။
`ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုး စီးပွားကို ဦးစားပေးကာ မိမိတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ဂုဏ်သိက္ခာ ကို မြင့်မားစေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီး တင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။´ ဟု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌသစ် ဦးဝင်းမြင့်က ဆိုသည်။
ယနေ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုကြပြီး လွှတ်တော်ပုံမှန်အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥာဏ်ထွန်း နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။


MNC
[ဆက်လက်ဖတ်ရှုရန်...]

Tuesday, January 26, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပ

- 0 comments
ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် ဇန်န၀ါရီ ၂၆
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေး ၃၈ ရက် မြောက်နေ့ကို ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင် ကျင်းပရာ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ (၂/၂၀၁၆) အပါအ၀င် အစီရင်ခံစာ (၆)ခု အား ဆွေးနွေးခြင်း၊ ဖတ်ကြား အတည်ပြုခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သမ္မတရုံးမှ ပေးပို့သည့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် ရပ်ကွက် (၅) ရပ်ကွက် ပါဝင်သော အင်းမမြို့ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်စု တစ်အုပ်စုနှင့် ကျေးရွာ ၁၆ ရွာ ပယ်ဖျက်ခြင်း၊ ကျေးရွာအုပ်စု တစ်အုပ်စု အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ကျေးရွာအုပ်စု တစ်အုပ်စု နယ်နိမိတ်ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်း တို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် စပ်လျဉ်းသည့် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၂/၂၀၁၆) နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမျိုးမြင့် တို့က ပြန်လည် ရှင်းလင်းဆွေးနွေး ကြသည်။

ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က အမိန့် ကြော်ငြာစာ အရ Withholding Tax ဖြတ် တောက်ပေးသွင်းခြင်းမှာ ကြိုတင်ဝင်ငွေခွန် ပေးသွင်းခြင်းဖြစ်ပြီး အခွန် ပေးဆောင်ထားသူ များအနေဖြင့် အပြီးသတ် စည်းကြပ်မှု ခံယူရာတွင် ကြိုတင်ခွန် ပိုမိုပေးသွင်း ထားခြင်းဖြစ်ပါက ခုနှိမ်နိုင်ပြီး ပိုငွေကို ပြန်အမ်းငွေအဖြစ် ရရှိမည် ဖြစ်ပါကြောင်း၊ လျော့နည်း ပေးသွင်းထားခြင်း ဖြစ်ပါက ထပ်မံပေးဆောင် ရမည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင် ရွက်ခြင်းများတွင် အဖွဲ့အစည်းမှ ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ပါက Withholding Tax ပေးဆောင်ရန် မလိုအပ်ဘဲ ပစ္စည်းဝယ်ယူခြင်းများ အပေါ် (၃)သိန်း ကျော်လွန်ပါက ကြိုတင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက် ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကိုယ်တိုင် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကန်ထရိုက်တာ၊ ထပ်ဆင့် ကန်ထရိုက်တာ များဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပါက ၎င်းတို့အား ပေးချေငွေအပေါ် ကြိုတင်ဝင်ငွေခွန် ဖြတ်တောက် ပေးသွင်းရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင် ရွက်ရာတွင် ပြင်ပ ပုဂ္ဂလိကများထံမှ ပစ္စည်းဝယ်ယူခြင်းများအတွက် ငွေကျပ် ၃ သိန်းအထက် ပေးချေငွေများကို တည်ဆဲ ၀င်ငွေခွန် ဥပဒေနှင့် အမိန့်ကြေညာစာ များအရ Withholding Tax ဖြတ်တောက် ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် မြို့နယ်များ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ ကန့်သတ်ချက်များကို ၀ိုင်းဝန်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်း များအပေါ် ၂ ရာခိုင်နှုန်း ကြိုတင် ၀င်ငွေခွန် ပေးဆောင်ရာတွင် လတ်တလော ကြုံတွေ့နေရ သည့် အခက်အခဲ၊ ကန့်သတ်ချက်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်တွင်း အခွန် ဦးစီးဌာနက ပူးပေါင်းဖြေရှင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ၂ ရာခိုင်နှုန်း ကြိုတင်ဝင်ငွေခွန် ဖြတ်တောက်ခြင်းကို ကင်းလွတ်ခွင့်ပြုရန် ကိစ္စမှာ အခြားသော ပုဂ္ဂလိက၊ အဖွဲ့အစည်း၊ ဌာနများ၏ ကြိုတင် ၀င်ငွေခွန် ဖြတ်တောက် ပေးသွင်းစေခြင်းတို့ နှင့်ဆက်စပ် နေသည့်အတွက် သီးခြားပြန်လည် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်သင့် ပါကြောင်း ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမျိုးမြင့်က စာရင်းစစ်များသည် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းမှ ကိစ္စအလိုက် ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးရသူများ ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် မညီသော ကိစ္စများကို နားလည်မှုနှင့် ဖြေလျှော့မျက်ကွယ်ပြု၍ မရပါကြောင်း၊ ပကတိ အခြေအနေ ဖြစ်ရပ်ကို စစ်ဆေး၍ တင်ပြရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၁၆) ကို အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ကို ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူး ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏစိုးက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက် စာရင်းစစ် အတည်ပြုပြီးသည့် အမှန်စာရင်း(Actual)များ နှင့်စပ်လျဉ်းသည့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၅/၂၀၁၆) ကို ပူးပေါင်း ကော်မတီအဖွဲ့ဝင် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ဒုတိယ(၆)လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များနှင့် အရေးယူ ဆောင်ရွက် ပြီးစီးမှုများ အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၃/၂၀၁၆) နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေနှင့် သတ္ထုတွင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင် တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော် နာယက က ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၃/၂၀၁၆) ကို အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များ နှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီအဖွဲ့ဝင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်က ဖတ်ကြားတင်ပြရာ လွှတ်တော်က မှတ်တမ်း တင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ နိုင်ငံတော်၏ အရအသုံး စာရင်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၆) နှင့်စပ်လျဉ်း၍ မင်းကင်း မဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က ဆွေးနွေးသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေး ၃၉ ရက် မြောက်နေ့ကို ဇန်န၀ါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

Credit To >>> MOI
[ဆက်လက်ဖတ်ရှုရန်...]

နိုင်ငံတော်အကြီးအကဲတာဝန်ပြောင်းလဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

- 0 comments
ရုံးအမှတ်(၁၈)အစည်းအဝေးခန်းမတွင် ဆွေးနွေးနေစဉ် (PHOTO >>> MOI)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အသွင် ကူးပြောင်းရေး အဖွဲ့တို့ အကြား ဒုတိယ အကြိမ် ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၊ အစည်းအဝေး ခန်းမတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ ၂၆ရက်နေ့က ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီမှ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အသွင်ကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ မျိုးအောင်နှင့် ဒေါက်တာ အောင်သူတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းသည့် အခမ်းအနား ကျင်းပမည့် အစီအစဉ် လျာထားချက်များ၊ ဝန်ကြီးဌာန အချို့၏ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ တာဝန်လွှဲပြောင်းမှု အဆင်ပြေ ချောမွေ့ရေး ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ဖေဖော် ဝါရီလအတွင်း နှစ်ဘက် ညှိနှိုင်း ကျင်းပနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

MNC
[ဆက်လက်ဖတ်ရှုရန်...]

“ရမည်းသင်းမဘသအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း”

- 0 comments
“ရမည်းသင်းမဘသအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း”
============================================







ရမည်းသင်းမြို့၊ ရွှေကူရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၁)စုတို့ ပြန်လည်ထူထောင်ရေးအတွက် ရမည်းသင်းမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအဖွဲ့က အလှူငွေ(၁၁)သိန်းကျပ်နှင့် ရန်အောင် မင်းကျောင်းစာသင်တိုက်က တစ်အိမ်ထောင်လျင် ဆန်(၁၁)ပြည် ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို (25-1-2016)ရက် ညနေ(5:00)က နေရာချထားရေးရှိရာ ရှင်မှာလိုက်ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မဘသအဖွဲ့ သံဃာတော်များ၊ မီးဘေးကယ်ဆယ်ရေး နေရာချထားရေးနဲ့ပြန် လည်ထူထောင်ရေးအဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့မအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ် ကြက်ခြေနီအဖွဲ့များနှင့်၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြပါတယ်။
ရှေးဦးစွာ မဘသသံဃာတော်များက မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ထောက်ပံ့အလှူငွေ ကျပ်(၁၁)သိန်းနှင့် ဆန်(၅)အိတ်တို့ကို မြို့နယ်မဘသအဖွဲ့၏ ဘေးအန္တရာယ်ကယ်ဆယ်ရေး ပရဟိတအကျိုးဆောင် ကိုကျော်သီဟ (ခ) ရမည်းသင်းဝေဠုကျော် (မိုဘိုင်းစီးတီး ဖုန်းဆိုင်)က ပေးအပ်လှူဒါန်းရာ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မီးဘေးသင့်ပြည်များက လက်ခံရယူပါတယ်။
ထို့နောက် မြို့နယ်မဘသအဖွဲ့နှင့် ပြန်လည်ထူထောင်ရေး တာဝန်ရှိသူများသည် မီးဘေးသင့်(၁၁)အိမ်တို့အား သိန်း(၂၀)ကျော်တန် အိမ်တစ်လုံးစီ မကြာမီတည်ဆောက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးကြကာ မြို့နယ် မဘသအဖွဲ့က နောက်ထပ်လည်း လိုအပ်သလို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရွှေကူရပ်ကွက်၌ (21-1-2016)ရက် ညနေ(4:30)က လျှပ်စစ်ဝါယာမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ်ထောင်
စု (၁၁)စု လူဦးရေး(၉၅)ဦး မီးဘေးသင့်ခဲ့ရပါတယ်။
မင်းကျောင်း-အရှင်စန္ဒောဘာသ ရမည်းသင်း
[ဆက်လက်ဖတ်ရှုရန်...]
 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger