Tuesday, January 26, 2016

“ရမည်းသင်းမဘသအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း”

“ရမည်းသင်းမဘသအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း”
============================================







ရမည်းသင်းမြို့၊ ရွှေကူရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၁)စုတို့ ပြန်လည်ထူထောင်ရေးအတွက် ရမည်းသင်းမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအဖွဲ့က အလှူငွေ(၁၁)သိန်းကျပ်နှင့် ရန်အောင် မင်းကျောင်းစာသင်တိုက်က တစ်အိမ်ထောင်လျင် ဆန်(၁၁)ပြည် ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို (25-1-2016)ရက် ညနေ(5:00)က နေရာချထားရေးရှိရာ ရှင်မှာလိုက်ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မဘသအဖွဲ့ သံဃာတော်များ၊ မီးဘေးကယ်ဆယ်ရေး နေရာချထားရေးနဲ့ပြန် လည်ထူထောင်ရေးအဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့မအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ် ကြက်ခြေနီအဖွဲ့များနှင့်၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြပါတယ်။
ရှေးဦးစွာ မဘသသံဃာတော်များက မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ထောက်ပံ့အလှူငွေ ကျပ်(၁၁)သိန်းနှင့် ဆန်(၅)အိတ်တို့ကို မြို့နယ်မဘသအဖွဲ့၏ ဘေးအန္တရာယ်ကယ်ဆယ်ရေး ပရဟိတအကျိုးဆောင် ကိုကျော်သီဟ (ခ) ရမည်းသင်းဝေဠုကျော် (မိုဘိုင်းစီးတီး ဖုန်းဆိုင်)က ပေးအပ်လှူဒါန်းရာ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မီးဘေးသင့်ပြည်များက လက်ခံရယူပါတယ်။
ထို့နောက် မြို့နယ်မဘသအဖွဲ့နှင့် ပြန်လည်ထူထောင်ရေး တာဝန်ရှိသူများသည် မီးဘေးသင့်(၁၁)အိမ်တို့အား သိန်း(၂၀)ကျော်တန် အိမ်တစ်လုံးစီ မကြာမီတည်ဆောက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးကြကာ မြို့နယ် မဘသအဖွဲ့က နောက်ထပ်လည်း လိုအပ်သလို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရွှေကူရပ်ကွက်၌ (21-1-2016)ရက် ညနေ(4:30)က လျှပ်စစ်ဝါယာမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ်ထောင်
စု (၁၁)စု လူဦးရေး(၉၅)ဦး မီးဘေးသင့်ခဲ့ရပါတယ်။
မင်းကျောင်း-အရှင်စန္ဒောဘာသ ရမည်းသင်း

0 comments:

Post a Comment

 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger