Thursday, May 7, 2015

ဒလမြို့နယ် ဓနိတောရွာ၏ ရေပြဿနာ နှင့် နောက်ဆက်တွဲရှင်းတမ်း

- 0 comments


          ဒလမြို့နယ် ၊ ခနောင်ရှမ်းစုအပိုင် ၊ ဓနိတောကျေးရွာမှာ ရေကန်က သောက်သုံးရေခပ်လို့ အချင်းများကြရာက ပြဿ      နာပေါ်ပေါက်လာရာကနေ စံတော်ချိန်သတင်းမီဒီယာက ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးပြီးရေးသား ၊ Democracy Today သတင်းစာကလည်း မြေပြဿ      နာအချင်းများကြရာမှ လူသတ်မှုဖြစ်ပွား စသဖြင့် စသဖြင့် အစစွဲထုတ် ရေးသားဖော်ပြမှုတွေဟာ မှန်ကန်မှု မရှိတဲ့အတွက် ယနေ့ (၃၀-၄-၂၀၁၅)ရက် ကြာသပတေးနေ့မှာ သဒ္ဓမ္မဟိတကျောင်း ဆရာတော် ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် ရပ်မိရပ်ဖများက ရေပြဿ      နာကို အမျိုးမျိုး ရေးသားဖော်ပြပြီး အမှုတွေဟာ မလိုလားအပ်တဲ့ ပဋိပက္ခတွေဆီ ကူးပြောင်းသွားနိုင်တဲ့အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါတယ်။
#မလှော်ပါနဲ့မီဒီယာ
          ပထမဆုံးပြောရမှာတော့ မီဒီယာလို့ ထင်ပါတယ်။ ဖြစ်စဉ်ကို သေချာဂဃနဏ မစုံစမ်းဘဲ တစ်ဖက်ပြော ရေးသားပြီး ပြဿ     နာကို ကြီးထွားစေခြင်းကိစ္စ။ သတင်းတစ်ပုဒ်ကို (၅၀၀၀)ကနေ (၁၀၀၀၀)ကြား ရကြပါလိမ့်မယ်။ ဒီထက်တော့မပိုပါဘူး။ အပုဒ်ရေများများရေးနိုင်တော့လည်း သတင်းသမားတွေ တွက်ခြေကိုက်ပါတယ်။ (၅၀၀၀)တန်သတင်းတစ်ပုဒ်က မီးဟုန်းဟုန်းတောက်သည်အထိ ဖြစ်နိုင်သလို ပြဿ      နာတစ်ရပ် ပြေလည်မှု ရသွားတတ်တာမျိုးလည်း ရှိပါတယ်။ သတင်းသမားတစ်ယောက်ဟာ ဘယ်လောက် အထိ အပြုသဘောဆန်ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတာလား။ မလိုလားအပ်တဲ့ ပြဿ      နာဆီ ဦးတည်ရေးသားခြင်းလား ဆိုသည်ကိုတော့ သတင်းဖတ်ရှုသုံးသပ်တွေ ဆင်ခြင်မိကြမှာပါ။
          ယခုဖြစ်စဉ်မှာ ရေကန်အနီးက အိမ်က ဟိန္ဒူဘာသာဝင်တွေရဲ့ အိမ်ပါ။ ထိုရေကန်နှင့် ပတ်သက်လို့ ဦးကျော်တင့်(ဟိန္ဒူ) အိမ်က သူတို့အပိုင်ပါလို့ သတ်မှတ်ထားကြတယ်။ ရွာသူရွာသားတွေရဲ့ စုပေါင်းလုပ်အား နဲ့ တူးဖော်ထားတဲ့ကန်ဖြစ်တာကတစ်ကြောင်း ၊ ရွာမှာလည်း ဒီရေကန်တစ်လုံးသာ သောက်သုံးလို့ ရတာက တစ်ကြောင်း ရွာထဲက ရေလာခပ်ကြတာ ထူးဆန်းတဲ့ပြဿ      နာတော့မဟုတ်ပါဘူး။ မိန်းကလေး မစိုးစိုးလင်း က ရေသွားခပ်ရာမှာ ဦးကျော်တင့် (ဟိန္ဒူ)တို့အိမ်က အမျိုးသမီးက `ဖေလိုးမ ဗမာမတွေ ငါ့ကန်ထဲ ရေလာမခပ်နဲ့လို့´ ဆဲဆိုပြီး စိန်ခေါ်လွှတ်တဲ့ မိန်းကလေးကလည်း မိခင်ဖြစ်သူကို ပြန်လည်ပြောကြားခဲ့ပါတယ်။ မိန်းကလေးရဲ့ မိခင်နှင့် အမျိုးသမီးကြီး ငါးယောက်ခန့် ထပ်မံရေသွားခပ်တော့လည်း ဟိန္ဒူအမျိုးသမီးက `ဗမာ´မတွေလို့ ကိုင်တုတ်ပြီး ဆဲပြန်တဲ့အတွက် အပြန်အလှန်ဆဲဆိုရာကနေ အချင်းများခဲ့ကြတဲ့ဖြစ်စဉ်ပါ။
#ရပ်ရွာလူကြီးတွေထိန်းသိမ်း
          အဲဒီညနေမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေအပါအ၀င် မြို့နယ်က မြေစာရင်းတွေနဲ့ မြေတိုင်းတာမှု လုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ညနေ(၆း၀၀)နာရီထိုးသည်အထိ မပြီးပြတ်ခဲ့ပါဘူး။ အုပ်ချုပ်ရေးမှူး ဦးကြည်အေးက လုပ်ငန်းခွင်ကနေ အိမ်ပြန်ရောက်ပြီး ရေချိုးနေချိန် အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူး ဦးသန်းလွင်က အုပ်ချုပ်ရေးမှူး ရေခပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆဲဆိုမှုတွေ ဖြစ်နေကြတယ်။ အမြန်လာပါလို့ ဆိုတော့ ရေချိုးပြီးတာနဲ့ အရောက်လာမယ့်အကြောင်း ပြန်ပြောလိုက်ပါတယ်။ အဲဒီနောက်မှာ ဟိန္ဒူဘာသာဝင် ဦးကျော်တင့်က သူ့အိမ်ကို ရွာသူရွာသားတွေ ၀ိုင်းထားပြီလို့ ဖုန်းထပ်ဆက်လို့ ငါအခုလာပြီ။ ရဲစခန်းလည်း အကြောင်းကြားထားမယ်လို့ ပြောပြီး အချင်းမများကြစေဖို့ ဦးကျော်တင့်ရောက်သွားခဲ့ပါတယ်။ အဲဒီလို ရောက်သွားချိန်မှာ ရဲတွေလည်း ရောက်လာပြီး ဆရာတော်ဘုရားနှင့်တကွ ရွာသူရွာသားတွေကို ဒေါသနဲ့ မတုန့်ပြန်ကြဖို့ စုဝေးဆုံးမနေချိန် ၊ ရဲတပ်ဖွဲ့ဝင်တွေကလည်း ရွာသူရွာသားတွေကို ၀ိုင်းဝန်းဖြောင်းဖျပေးကြ တယ်လို့ ဦးကြည်အေးက ရှင်းလင်းပြောပြပါတယ်။ အဲဒီလိုအချိန်မှာပဲ ဦးကျော်တင့်တို့ အိမ်ဆီမှာ ရွာနီးခြောက်စပ်က ဟိန္ဒူဘာသာဝင်တွေရောက်ရှိလာပြီး ဘုန်းကြီး နှင့် အုပ်ချုပ်ရေးတွေက မြှောက်ပေးလို့ ဒီကောင်တွေ ဒီလိုလုပ်တာပဲလို့ စွပ်စွဲပြောဆိုမှုတွေနဲ့ ဒီဘက်မှာ ရွာသူရွာသားတွေကို နှစ်သိမ့်ပေးနေတာကို ခဲတွေနဲ့ ထုကြလို့ ရုံးစု ရုံးစုဖြစ်ပြီး နယ်မြေတာဝန်ခံ ရဲကိုကိုဦးပါ ထပြေးပါတယ်။ လူတွေ တကွဲတပြားဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်ကြရတဲ့ အခြေအနေကို ရဲကိုယ်တိုင်လည်း သိပါတယ်။
#မိသားစုဝင်တစ်ဦးပျောက်ဆုံးနေဟုဆို
          ဦးကျော်တင့်တို့ မိသားပျောက်နေတာကို ဦးကြည်အေးက ဖုန်းနဲ့ဆက်သွယ်မေးမြန်းတော့ သူတို့တွေ လယ်ထဲမှာ ပုန်းနေတဲ့အကြောင်း ပြန်ပြောလို့ လာခဲ့ကြဖို့ ခေါ်ပါတယ်။ ဦးကျော်တင့်က သူတို့မိသားစုဝင်ထဲက ညီအငယ်ဆုံး ကျော်သူပျောက်နေကြောင်း ပြောပါတယ်။ လူတွေဖြန့်ပြီး လိုက်ရှာတဲ့အခါကြတော့ မောင်ကျော်သူ သေဆုံးနေတဲ့အလောင်းကို တွေ့ရှိခဲ့ရပါတယ်။
#ထင်ရာမြင်ရာအကုန်ဖမ်း
          ရဲတပ်ဖွဲ့ဝင်တွေက ရွာထဲကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ဖမ်း ဖမ်း ဖမ်း ဆိုပြီး ထင်ရာ မြင်ရာ ဖမ်းလိုက်ကြတာ ညကြီးအချိန်မတော် ဘယ်သူဘယ်ဝါမှန်းကို မသိလိုက်ရပါဘူး။ ဘယ်နှယောက် ပါသွားတယ် ဆိုတာ စခန်းလိုက်ပြီး အချုပ်ခန်းထဲကို သွားကြည့်တော့မှ အုပ်ချုပ်ရေးအဖွဲ့မှာ ရပ်ရေးရွာရေး ဦးဆောင်ဦးရွက် ပြုနေသူတွေကိုပါ ဖမ်းဆီးထားတာတွေ့ရတဲ့အတွက် အတော်ကို စိတ်ထဲမကောင်းဖြစ်ရပါတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကြည်အေးက ပြောပါတယ်။ အုပ်ချုပ်ရေးနှင့် ရေကန်ကော်မတီအဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း အားလုံး (၂၇)ယောက် ဖမ်းဆီးခြင်းခံထားရပါတယ်။
          အဲဒီလို အားလုံးကို ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ စစ်ဆေးဆောင်ရွက်ပြီးရင် မသက်ဆိုင်သူတွေကို ပြန်လည်လွှတ်ပေးဖို့ ပြောဆိုထားပါတယ်။ ဒီနေ့အချိန်ထိ ဖမ်းဆီးခံထားရဆဲ ရေကန်ကော်မတီဝင်တွေ နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုသာ ပြန်လွှတ်မပေးဘူးဆိုရင် ဦးကြည်အေးတို့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့လုံး အနေနဲ့ အုပ်ချုပ်ရေးကနေ နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့လည်း ဦးကြည်အေးက ပြောပါတယ်။
#ရေကန်သမိုင်း
          ပြဿ      နာရဲ့ဖြစ်စဉ်က လွန်ခဲ့တဲ့(၅)နှစ်လောက်ကတည်းက အခြေခံတာပါ။ ဒီရွာသူရွာသားတွေဟာ အင်မတန်မှ အေးချမ်းပါတယ်။ အလုပ်ကိုလည်း သမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေကြပါတယ်။ အမှုအခင်း လည်းနည်းကြပါတယ်။ ဒီကန်ဟာ ဘုန်းကြီးတို့ ငယ်ငယ်လေးကတည်းက ဘုန်းကြီးအသက် (၅၈)နှစ် ရှိပါပြီ။ ဒီကန်ကပဲ ရေခပ်ပြီး သောက်သုံးလာခဲ့ကြတာပါ။ ၂၀၀၆ခုနှစ်လောက်က စပြီး ဒီကန်ဟာ သူတို့ကန်ပါလို့ စပြီး ပြဿ      နာတက်ပါတယ်။
          ဒီရွာသူရွားသားတွေဟာ ဒီကန်က ရေကိုပဲ သောက်ကြ သုံးကြရပါတယ်။ ဒီကန်ဟာ အစောပိုင်းက သေးငယ်တဲ့အတွက် ရွာလူဦးရေနဲ့ မမျှတလို့ အစောပိုင်းကာလ ဟိန္ဒူဘသာဝင် ဦးမနိရာမ ဆိုသူဆီက ရပ်မိရပ်ဖတွေက မြေအလှူခံပါတယ်ဆိုပြီး လယ်မြေကိုလှူတဲ့အတွက် ရွာသူရွာသားတွေ အချိုးကျ တစ်အိမ်ထောင် တစ်ကျင်းဆိုတစ်ကျင်း ၊ နှစ်ကျင်းဆို နှစ်ကျင်း နှစ်စဉ်တူးဖော်ခဲ့ကြပါတယ်။ အဲဒီလို တူးစဉ်က ယခုအချင်းဖြစ်စဉ်မှာ အဓိကပါဝင်တဲ့ ဦးကျော်တင့်တို့လည်း ပါဝင်ခဲ့ပါတယ်။
          ၂၀၀၆ခုနှစ်လောက်ကမှ မြေတိုင်းစာရေးနဲ့ ပူးပေါင်းပြီးတော့ ဒီကန်ကို သူတို့ကိုယ်ပိုင်ဆိုပြီး ပြောင်းလဲခြင်း ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့ဖြစ်ပေါ်လာခြင်းဟာလည်း ဦးမနိရာမ ရဲ့ လယ်အနီးမှာ ဦးကျော်တင့် တဲက နွားတွေ ဘဲတွေ ကြက်တွေက ဖျက်ဆီးလွန်းလို့ ဦးမနိရာမကြီးပိုင်ကို ဦးကျော်တင့်အပိုင်အဖြစ် ပေးပြီး ဦးကျော်တင့်လယ်ကို ဦးမနိရာမက အစားယူ။ လယ်ချင်းချိန်းရာကနေ ပြဿ     နာပေါ်ခဲ့ခြင်းပါပဲ။
ဒါပေမယ့်လည်း ရေကန်အတွက် ရပ်ရွာက ၀ိုင်းဝန်းပြုပြင်ခဲ့ကြပါတယ်။ ရေကန်အတွင်း ကျွဲနွားတွေ မ၀င်အောင် ကျောက်တိုင်စိုက် သွပ်စူးကြိုးကာရံထားတာတွေကိုလည်း ဦးကျော်တင့်တို့က ဖျက်ဆီးပြစ်တယ်လို့ ဆိုကြပါတယ်။ မျက်မြင်လည်း တွေ့ခဲ့ရပါတယ်။ ရေကန်ပြုပြင်ဆောင်ရွက်မှု ရေဖြည့်သွင်းမှုကိစ္စတွေကို ရပ်ကျေးကနေ မြို့နယ်အထိ တင်ပြလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။
#ဥပဒေစိုးမိုးပါစေ
          ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုရခြင်းကိစ္စမှာ `မီဒီယာတွေက ဘာသာရေး ပဋိပက္ခအသွင် ဆောင်ရေးသားမှု ၊ ရေပြဿ      နာကို မြေပြဿ      နာပါလို့ ဖန်တီးရေးသားနေမှုတွေကြောင့် အဓိက ရှင်းလင်းရခြင်းဖြစ်ပါတယ်။ ဓနိတောကျေးရွာလေးမှာ အိမ်ခြေ(၃၀)ခန့်သာရှိပြီး လယ်ပိုင်ယာပိုင် (၃)ဦး ခန့်သာ ရှိပြီး လက်လုပ်လက်စားတွေပါ။ အခုတော့ ရွာရှိလူကုန် ဆိုသလို ရဲစခန်းက ထင်ရာမြင်ရာ ဖမ်းဆီးသွားချိန်မှာ ယောက်ျားသား မရှိတော့လို့ ရွာနီးနားက ရပ်မိရပ်ဖတွေပါ လာရောက်ကူညီပေးနေရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ကြားမှာ NLD က မွတ်စလင် ကုလားက မရောင်ရာ ဆနွင်းလူ ဗမာတွေကို မကျေနပ်ကြောင်းဖြင့် ရွာသားတစ်ယောက်ရဲ့ ဖုန်းကို ဆက်ပြီး ခြိမ်းခြောက်ပါသတဲ့။ NLD က မွတ်စလင်ကုလား လှတင့် 09420088019 ဖုန်းနံပါတ်နဲ့ ဆက်ပြီး ခြိမ်းခြောက် လာခြင်းပါ။
          တရာလည်း ကျလောက်စရာ ၊ ပြဿ      နာတစ်ခုတက်ပြီဆိုတော့လည်း ဘယ်ဘက်ပေါင်မြှောက် ညာဘက်ပေါင် ပြေးကပ် သဘောလေးတွေ တွေ့ရပါတယ်။ မွတ်စလင်ကုလားအကြောင်း ဟိန္ဒူတွေလည်း မသိကြတာတော့ မဟုတ်ပါဘူး။ ပြဿ      နာအတွင်း NLD ကုလားက ၀င်နှောက်တာတစ်မျိုး ၊ ရဲက ထင်ရာမြင်ရာ အကုန်းဖမ်းလို့ သောကပွေပြီး ရွာသူရွာသားတွေကို ဘုန်းတော်ကြီးက ကျွေးမွေးစောင့်ရှောက် ထားရတာကြတော့ လှည့်တောင်မကြည့်ကြပါလားကွယ်ရို့။
          အခုဖြစ်စဉ်မှာ မောင်ကျော်သူ သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲစခန်းကလည်း စစ်ဆေးဆောင်ရွက်ရမှာပါ။ လူတစ်ယောက်သေတဲ့အမှုမှာ ဖြန်ပေးဆောင်ရွက်ပေးနေတဲ့ ရပ်ရွာအုပ်ချုပ်ရေးပိုင်းက လူတွေကိုပါ ဖမ်းဆီးထောင်ချမယ်ဆိုရင်တော့ မတရားမှုတစ်ခု တိုးပြန်ပါပေါ့ဗျာ။ စစ်ဆေးဆောင်ရွက်ပြီး အပြစ်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပါ။ ကျော်တင့်က ဖမ်းခိုင်းလို့ အကုန်ဖမ်း ၊ အကုန်ထောင်ချမယ်ဆိုရင်တော့ ရဲတပ်ဖွဲ့ဟူသည် . . . . မေးခွန်းထုတ်စရာတွေ ဖြစ်လာမှာမို့
စစ်ဆေးပါ . . . အပြစ်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူပါ။ အပြစ်မရှိသူတွေရဲ့ မိသားစုဝင်တွေရဲ့ ဒုက္ခကို ငဲ့ညာသောအားဖြင့်လည်းကောင်း ၊ အပြစ်မလုပ်မိပါဘဲ ထောင်သွင်းအကျဉ်းချခံရတဲ့ အဖြစ်မျိုး မရှိရလေ အောင် သတိဖြင့် ဆောင်ရွက်ပေးကြပါ။ ဥပဒေကို လေးစားလိုက်နာသောအားဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ကြပါလို့ သက်ဆိုင်ရာများကို တိုက်တွန်းအပ်ပါသည်ခင်ဗျာ။

ရေးသားတင်ပြသူ
နောင်တော်လေး
Myanmar National Network


[ဆက်လက်ဖတ်ရှုရန်...]
 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger